Wednesday, 24 August 2011

မလေးရှားနိုင်ငံရှိဗမာဒုက္ခသည်များအရေးကို ဘယ်သူဦးဆောင်မည်လည်း

လာမည့်၉လပိုင်းမှစတင်၍မလေးအစိုးရမှတရားမဝင်နိုင်ငံခြားသားများကိုဖမ်းဆီးအပြစ်ပေးမည်ဟုအသိပေးပြီး
သည့်နောက်တွင် ဘီ၆ လ.ဝ.က ၏လက်ဗွေစနစ်ကိုအားလုံးကလိုက်နာကာနှိပ်ခဲ့ကြပြီး ယမန်နေ့က ဗမာဒုက္ခ
သည်များပါနှိပ်ရပါမည်ဟု ကရင် အဖွဲ့ အစည်း (M.K.O) ဗမာအဖွဲ့အစည်း (B.R.O) မွန်အဖွဲ့ (MRO) ကချင်
အဖွဲ့ (K.R.C) တို့မှဦးဆောင်ကာ ပူထွာဂျာယာ တွင်သွားရောက် လက်ဗွေနှိပ်ခဲ့ကြသည်။ ထိုစာရွက်တွင် မြန်
မာပြည်သို့ ပြန်ပို့ရန်ဟုရေးထားသောစာပိုဒ်ကို ဗမာအမျိုးသ္မီးများအဖွဲ့။ရိုဟင်ဂျာအဖွဲ့။ဗမာ့ကြိုးပမ်းလူငယ်
အဖွဲ့တို့မှစစ်ဆေးတွေ့ရှိကာ UNHCR သို့အကြောင်းကြားရာ။UNHCR မှခေတ္တ ရပ်ဆိုင်းထားလိုက်သည်။
အချို့ မှာ လုံးဝ ဘာအထောက်အထားမှမရှိသေးသောသူများရှိနေကြ၏ .ထိုသူများကိုမည်ကဲ့သို့ကူညီထောက်
ပံ့မှု့ပြုလုပ်ရန် လက်ရှိ ဗမာ့ကြိုးပမ်းလူငယ်အဖွဲ့။ ရိုဟင်ဂျာအဖွဲ့ တို့အစည်းဝေးပြုလုပ်နေကြသည်။

PULANG-KE-NEGARA-ASAL

၂၃.၈ ၂၀၁၁ နံနက်၈နာရီတွင်ဗမာပြည်မှ ဒုက္ခသည်ပေါင်းနှစ်သောင်းနီးပါးသည် လက်ဗွေနှိပ်ရမည်ဟုဆိုသောကြောင့် ပူထွာဂျာယာမလေးရှား(လ.ဝ.က)သို့သွားရောက်လက်ဗွေနှိပ်ကြရာတွင်( PULANG-KE-NEGARA-ASAL)ဟုရေးထားသောစာရွက်ပါဥပဒေကြောင့် ဆက်မနှိပ်ရတော့ဘဲခဏရပ်တန့်ထားကာ UNHCR ၏အဖြေကို ဆက်လက်စောင့်မျှော်နေကြသည်။

well come to malaysia

ဒီနိုင်ငံကိုအလည်လာလည်စေချင်ပါတယ်.ရွှေတွေရဲ့အိမ်နီးချင်းနိုင်ငံရဲ့တိုးတတ်နေတာတွေ.တစ်ကမ္ဘာလုံးကလူတွေလာ(၁)အလုပ်လုပ်ကြတာတွေ့ရမယ်
(၂)ကျောင်းလာတတ်တာတွေ့ရမယ်(၃)စီးပွားရေးလာထူထောင်တာတွေ့ရမယ်(၄)ဆေးကုသမှု့လာခံတဲ့သူတွေတွေ့ရမယ်(၅)အလည်အပါတ်လာတဲ့
သူတွေတွေ့ရမယ်(၆)ဒီမှာအလုပ်လုပ်ဘို့လာရင်းနဲ့အခြားနိုင်ငံကသူတွေနဲ့အိမ်ထောင်ကျတာတွေတွေ့ရမယ်(၇)ဒီမှာအလုပ်လာလုပ်ရင်းနဲ့
ဘဝပျက်ဘိန်းစား.အရက်စွဲ.အေအိုဒီအက်စ်ဖြစ်.ဖာဖြစ်..ဖာခေါင်းဖြစ်..နိုင်ငံရေးသ္မားဖြစ်.ဒုက္ခသည်စခန်းမှာ ဒုက္ခသည်ယောင်လာဆောင်ရင်းနဲ့ တစ်ကယ်ဒုက္ခသည်ဖြစ်..လူမှု့ရေးခေါင်းဆောင်ဖြစ် ..တိုင်းရင်းသား ခေါင်းဆောင်ဖြစ်...လူပွဲစား အလုပ်ပွဲစား ဖြစ်...ဗမာအရက်တုရောင်းတဲ့သူဖြစ်...ကဒ်အတုလုပ်တဲ့သူဖြစ်..ကြေးစားလူသတ်သ္မားဖြစ်...အစုံသောအဖုံဖုံတွေနဲ့ လာခဲ့စမ်းပါ ကွဲ့             

Thursday, 11 August 2011

မလေးရှားအစိုးရ၏၆လစာ နေထိုင်ခွင့်ပေါ်ပွကြီး၏ အမြင်(အဆက် ၂)

(၂) မလေးရှားသို့ရောက်လာသူများ၏အလုပ်ရှင်နှင့်အလုပ်သ္မားတို့၏ အခြေအနေမှန်များအပေါ်မှအလုပ်သ္မားဝန်ကြီး၏ လ.ဝ.က သို့တာဝန်ပေးရသော ၆လ နေတိုင်ခွင့်။
(၁)အလုပ်က မြန်မာပြည်တွင် တနေ့စာ ၃၀ ရင်းဂစ်ဟုစာချုပ်ကာ အေးဂျင့်မှ အလုပ်ရှင်ထံ တင်သွင်း၏ သူဌေးက လဲ
ဗီးကြေးကိုပြန်ယူရာတွင်လစာမှာရင်းဂစ်၂၂ ရင်းဂစ် ဖြစ်သွား၏ အလုပ်သ္မားမှာ ကြိုးစားချင်စိတ်မရှိတော့ဘဲ စိတ်မပါဘဲ
အလုပ်လုပ်နေ၏။ အေးဂျင့်ကိုခေါ်ကာဆွေးနွေးရာတွင်လဲ အစဉ်မပြေဖြစ်ရ၏နောက်ဆုံးအလုပ်မှပြေး၏။ အပြင်လောကတွင်
ပိုရသောသူပိုရ၏မရသောသူကမရကြ ရဲဘိုးပေးရတာနှင့်အပြင်အလုပ်ရှာဖွေရေးကိုပေးရတာနှင့် အဆုံးတွင်အပြင်လောကတွင်
ကျင်လည်လာကြ၏။ အချို့မှာကိုယ်ဘယ်အခြေအနေကိုရောက်နေသည်ကိုမသိ အပျင်းစွဲကာ၂နှစ်လောက်ဟိုသူငယ်ချင်းစီသွား
ဒီသူငယ်ချင်းစီနေနှင့်။ဆေးသောက် ၊အရက်သောက် ၊ အစဉ်ပြေလျှင်မိန်းမပါဖမ်းယူကာ မိန်းမလုပ်စာကိုထိုင်စားလိုက်သေး၏
နောက်ဆုံးဘယ်မိန်းမကမှလဲမကပ်တော့ရော။ဆေးပြန်ချပြန်၏ဆေးဘိုးမရလျှင်လု၏ခိုး၏တိုက်၏ ထိုသို့သောလူဦးရည်မှာမ
နည်းတော့ဘဲ များများလာကြ၏၊ ဟာဖမ်းမိပြန်ပြီဆေးမှု့နဲ့နိုင်ငံခြားသား၊ ဟာလူသတ်ပြန်ပြီ နိင်ငံခြားသား ၊ အဖုံဖုံသောအ
မှု့တွေကိုလုပ်လွန်းတာနိုင်ငံခြားသားတွေများလာပါတော့ အလုပ်သ္မားတွေခေါ်တာကနေ အစပြုတာဘဲ အလုပ်သ္မားဝန်ကြီး
ခေါ်တာကြောင့်၊ ဒါဆိုရင်အခေါ်တွေပိတ်ပါ မယ်၊အလုပ်သ္မားတရားမဝင်တွေကိုဖမ်းပေးပါ၊ဒါကိုတော့ ရဲတွေ ရေရာတွေ
လ.ဝ.ကတွေလုပ်ပါ။ ဆိုပြီးလိုက်ဖမ်း ထောင်ချ။ ထိုင်းကိုရောင်းစား၊ထိုင်းကပိုက်ဆံယူပြန်သွင်း၊လူဆိုးအလုပ်သ္မားတွေကစ
လိုက်တဲ့အရာကနေ အေးအေးဆေးဆေးရှာဖွေစားသောက်တဲ့လူတွေပါရောပါ။ဘဝတွေပျက် ၊ထိုင်းမှာမရွေးနိုင်ရင်သေ၊
မိန်းခလေးတွေအရောင်းစားခံ၇ ဘဝတွေပျက်၊အဘိုးကြီးတွေအဖွားကြီးတွေပါရောင်းစားခံရ။ဗိုက်ကြီးသယ်ပါမကျန်ပေါ့
အဲ့ဒီမှာလူ့အခွင့်အရေးစောင့်ကြည့်သောအဖွဲ့ တွေကမလေးအစိုးရကို ချုံ့ချ ဝိုင်းအော်။မှတ်တမ်းတွေယူ။
(ဆက်ရေးပါမယ်)

မလေးရှားအစိုးရ၏၆လစာ နေထိုင်ခွင့်ပေါ်ပွကြီး၏ အမြင်

ပွကြီး ဖွတာမဟုတ်ပါလက်ရှိ အရေးသည်မြန်မာနိုင်ငံသားတို့အတွက်အဆိုးလာမှာလား အကောင်းလာမှာလား ဆိုတာကြောင့် ကိုယ့်လူမျိုးကိုချစ်သောစိတ်ဖြင့် ပွကြီးအမြင်ကို ရေးသားလိုက်ပါသည် ... ကံကြမ္မာဆိုတာကို နောက်ထားပြီး ဝိုင်းဝန်းအကြံပေးချင်းဖြင့်ရေးသားတင်ပြချင်းတွင်အချို့နေရာများတွင် ဒေါသများပါကောင်းပါမည် (အမျိုးချစ်သောစိတ်ဟုဖြေသိမ့်လိုက်ပါ)
(၁) ဘာကြောင့် ၆လ အကြောင်းအရာပေါ်ပေါကလာရပါသနည်း
(၁) နိုင်ငံခြားသားများသည်အလုပ်ကိုဟိုပြောင်းသည်ရွှေ့ လုပ်ရင်း တရားဝင်လုပ်သားမှတရားမဝင်တော့သောအခါခေါ်
ယူထားရသောအလုပ်ရှင်၏ရင်းနှီးငွေပျောက်ဆုံးချင်း ကြောင့် အလုပ်သ္မားရုါံ်သို့တိုင်ကြသည်. ထိုတိုင်စာသည် လ.ဝ.က.သို့ရောက်၏
(၂) အချို့သောသူတို့တွင် အလုပ်ရှင်နှင့်အစဉ်မပြေဖြစ်ပြီး အလုပ်မလုပ်တော့ဘဲ ဆိုးသွမ်းသူအချို့ကိုပေါင်းသင်းကာဒပြတိုက်၊လုယက်၊လူသတ်၊ဆေးရောင်း၊အခြားသောအရာတို့ကိုကျူးလွန်ကြ၏
ထိုအခါအခါမသင့်ရဲဖမ်းခံရသောအခါပြစ်မှူ့တွင် တရားဝင်လာရင်းမှတရားမဝင်ဖြစ်သွားသောနိင်ငံခြားအလုပ်သ္မားဖြစ်နေပြန်၏ထိုတိုင်စာသည် လ.ဝ.က သို့ရောက်၏
(၃)မြန်မာအေးဂျင့်နှင့်အလုပ်သ္မားပြသနာဖြစ်ကြ၏ လူသတ်သောအနေအထားထိဖြစ်လာ၏ ထိုအကြောင်းလဲ လ.ဝ.က ထံရောက်၏
(၄)အလုပ်ရှင်နှင့်ပြသနာဖြစ်လျှင် ထွက်ပြေးကြပြီးအဝေးတွင်ရှောင်မသွားကြဘဲ ထိုအနီးနားတွင်အခြားသူဠေးနှင့်အလုပ်လုပ်၏ထိုအခါယ္ခင်အလုပ်ရှင်ကတိုင်၏ လ.ဝ.က ကဖမ်း၏
(၅)အချို့မှာတရားဝင်လာရင်းတရားမဝင်နေပြီးတတိရနိုင်ငံကိုဝင်ဖြေကြ၏ စောင့်နေရင်းရဲကမိ၏ ကန့်ထဲတွင်ထက်ဖြေ၏ လ.ဝ.က က လက်ဗွေကိုရသောအခါ ပါမစ်သ္မားကိုဘာကြောင့် ယူအမ် က ကူညီထားရတာလဲဒါလူဆိုးတွေကို စောင့်ရှောက်ပေးနေတာဟုစွတ်စွဲ၏ လ.ဝ.က တွင်ပြသနာပေါ်၏ လ.ဝ.က ကသိ၏
(ဆက်ရေးပါမည်)

Tuesday, 2 August 2011

အထူးသတိ

မလေးရှားနိင်ငံတွင်လက်ရှိ ဘာသာရေးဥပုဒ် (ဖွာစာ)အစာရှောင်ခြင်းကို ၄၅ရက်ပြုလုပ်နေကြပါတယ်
နံက် ၅ နာရီ မှ ည ရ နာရီအထိ အစာရှောင်ခြင်း ရေမသောက် ခြင်း များကို ပြုလုပ်နေစဉ် ။
ကျွန်တော်တို့လိုနိုင်ငံခြားသားတွေက သူတို့ဘာသာဝင်မဟုတ်သော်လည်း စဉ်ချင်စားသောက် သင့်
ပါတယ်။ အချို့ ရဲဝန်ထမ်းများက ထိုသို့ စားသောက်ချင်းကိုတွေ့လျှင်သှူု့လူမျိုးထင်ကာရိုက်နှက်ဖမ်းဆီး
တတ်ပါတယ်။နောက်ဆုံး ဗမာဆိုတာ ကိုသိရင်တောင်မှ အနိင်ကျင့်ြ့ပီး ပိုက်ဆံကို မတရားပိုတောင်းတတ်တာကြောင့်
ညီငယ်ညီမငယ်တို့ သတိထားသင့်ပါတယ်။ဒီလိုလမှာ အသွားအလာမလုပ်တာပိုကောင်းပါတယ်။