Sunday, 13 November 2011

အေအိုင်ဒီအက်ဒ်ရောဂါဝေဒနာရှင်များနှင့်အတူအပျော်ခရီးစဉ်ကို လိုက်လိုပါက

မလေးရှားနိုင်ငံရှိ ကရာနီ အဖွဲ့၏ ဒုတိယအကြိမ်ပြုလုပ်သော AIDSဝေဒနာသည်များအား စိတ်မြင့်တင်ရေးအတွက်ပျော်ရွှင်စရာခရီးစဉ်ကိုလူနာများနှင့်အတူ သွားရမည့်ထူးထူးခြားခြားခရီးစဉ်ကို ၂၂-၁၂-၂၀၁၁ တွင်ပြုလုပ်မည်ဖြစ်သည်

အစဉ်ပြေနေတာ အလုပ်လာရောက်လုပ်ကိုင်သူများမဟုတ်ပါ

မလေးရှားနိုင်ငံတွင် ပွကြီးလက်တလောမြင်နေရတာတွေကတော့  အလုပ်လာရောက်လုပ်ကိုင်ရသူများထက် ဝန်ဆောင်မှုအကျိုးဆောင်လာလုပ်သူများက ပိုမိုအစဉ်ပြေကြသည်..မလေးရှားအစိုးရမှလည်း အလုပ်လာလုပ်သူများကို သူ၏နိုင်ငံ လ-ဝ-က ဖန်ငွေကိုရှာပေးလိုက်သည်. ထိုအမှုအရာပေါ်တွင် ပါတ်သတ်ပြီး..ပွဲစားကြီးတော်တော်များများအစဉ်ပြေသွားကြသည် ..ထို့အပြင် သံရုံးဝန်ထမ်းများလည်းဟောက်စား လိုက်ရသည်..နောက်ဆက်တွဲအစဉ်ပြေသူများကတော့ ဗမာ ကားဆရာများ ။အင်တာနက်ဆိုင်များ။ဓါတ်ပုံဆိုင်များနှင့် ဒီဇိုင်းဆရာများဖြစ်ကြသည်။ဤအမှုအရာတွင်မူ အလုပ်သ္မားများရလိုက်သောအရာမှာ ပါမစ်လျှောက်၍ရမရ မသိရသော မလေးရှားတစ်နိုင်ငံတည်းသာအသုံးဝင်သော အနီရောင်စာအုပ်ပင်။(အလုပ်လာရောက်လုပ်ကိုင်သူများလည်းအစဉ်ပြေဝင်ငွေကောင်းသောအလှည့်သို့ပြန်ရောက်ပါစေလို့ဆုတောင်းလိုက်ပါသည်)